ဖိုမပြဿနာအဖြေလွှာ ( ဒုတိယတွဲ )
28-Feb-2017
ဖိုမပြဿနာအဖြေလွှာ ( ဒုတိယတွဲ )
အခွံမာသီးကို စားသုံးပါက အဝလွန်ခြင်းကြောင့်ဖြစ်သည့် အသည်းရောဂါလက္ခဏာကို
လျှော့ချနိုင်ပါတယ်။ အစိမ်းရောင်ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက်
တွေဟာ အသည်းရောဂါရဲ့ လက္ခဏာတွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှုအသစ်အရ
တွေ့ရှိထားပါတယ်။ ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးတာ
ကြောင့် အဝလွန်တဲ့အတွက်ဖြစ်နိုင်တဲ့ အသည်းရောဂါဆိုင်ရာလက္ခဏာတွေကို လျော့ချ
နိုင်တယ်လို့ သိပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ အဝလွန်တာကြောင့် အသည်း
အဆီဖုံးရောဂါ ဖြစ်ပေါ်တတ်ပါတယ်။ အသည်းမှာ အဆီတွေစုကာ ရောင်ရမ်းမှုဖြစ်တဲ့
ရောဂါပါ။
အဝလွန်သူ၊ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူ၊ သွေးဖိအားမြင့်တက်သူ ဒါမှမဟုတ် ကိုလက်စထရော များသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ အရက်သောက်တာကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ်ပါတယ်။ အဲဒီရောဂါကြောင့် အသည်း အလုပ်မလုပ်
နိုင်တာနဲ့ အသည်းကင်ဆာဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင် E ဟာ အဝလွန်တာကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံး ရောဂါဝေဒနာတွေကို သက်သာစေနိုင်
တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာ
ကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါအပါအဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
အသက်ကြီးသူတစ်ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက်ပမာဏဟာ
လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင် E တွေ အမြင့်မားဆုံး ပါဝင်ပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင်ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာနဲ့ အစိမ်းရောင်ဟင်းရွက်
တွေမှာလည်း ဗီတာမင် E များစွာပါဝင်တယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

